logo

အထွေထွေစည်းကမ်းသတ်မှတ်ချက်များ


www.mylasar.com ၀ဘ်ဆိုဒ် တွင် လစာ ဆန်းစစ်မှု များပြုလုပ်ရန်အတွက်ကြိုတင်သတ်မှတ်ထားသည့် Pyramid Solutions Co.Ltd., ၏ အထွေထွေစည်းကမ်းသတ်မှတ်ချက်များ။

ယေဘုယျသတ်မှတ်ချက်များ

  1. Pyramid Solutions Co.Ltd., မှတ်ပုံတင်နံပါတ် - 104161227၊ မှတ်ပုံတင်ရုံးခန်း 1st Floor, Diamond Center, Building E Pyay Rd, Yangon 11061 သည် (နောင်တွင် "လုပ်ငန်းဖော်ဆောင်သူ" ဟုသုံးနှုန်းမည်) သည် www.mylasar.com ၀ဘ်ဆိုဒ် (နောင်တွင် "၀ဘ်ဆိုဒ်" ဟုသုံးနှုန်းမည်) အွန်လိုင်းတွင် လစာ ဆန်းစစ်မှု၀န်ဆောင်မှု (နောင်တွင် "လစာ ဆန်းစစ်မှု" ဟုသုံးနှုန်းမည်) ၏လုပ်ငန်းဖော်ဆောင်သူ ဖြစ်သည်။
  2. လုပ်ငန်းဖော်ဆောင်သူ နှင့်  မှာယူသုံးစွဲသူ တို့ လစာ ဆန်းစစ်မှု အသုံးပြုရာတွင် ၄င်းတို့၏ အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်ကို အကာအကွယ်ပေးရန်အတွက် အောက်ဖော်ပြပါ အထွေထွေစည်းကမ်းသတ်မှတ်ချက်များ (နောင်တွင် GTC ဟုသုံးနှုန်းမည့်) ကို လုပ်ငန်းဖော်ဆောင်သူ ကထုတ်ပြန်လိုက်သည်။ GTC သည် လုပ်ငန်းဖော်ဆောင်သူတာနှင့် မှာယူသုံးစွဲသူ ကြားအရေးပါသည့် သဘောတူစာချုပ် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ လုပ်ငန်းဖော်ဆောင်သူ နှင့် မှာယူသုံးစွဲသူ ကြားမှ သဘောတူညီမှု စာချုပ်ဆိုင်ရာ ဆက်နွယ်နေမှုသည် လစာဆန်းစစ်မှု ၀န်ဆောင်မှု၀ယ်ယူသည့်အမှာစာကို လုပ်ငန်းဖော်ဆောင်သူ ကအတည်ပြုသည့်အချိန်မှစ၍ စတင်သက်ရောက်သည်။
  3. လစာဆန်းစစ်မှု (နှင့်၄င်း၏ရလဒ်) သည် မှာယူသုံးစွဲသူ ကို၄င်း၏ ကိုယ်တိုင်လုပ်ဆောင် ချက်များ၊ ရည်ရွယ်ချက်များနှင့်ဆက်နွယ်၍ တစ်ဦးတည်းအသုံးပြုရန် ရည်ရွယ်၍ အချက် အလက်ထုတ်ပေးခြင်းဖြစ်သည်။ မှာယူသုံးစွဲသူ သည် လစာစစ်တမ်း ကိုအသုံးပြုရာမှရ ရှိသည့် အချက်အလက် ကို တတိယပုဂ္ဂိုလ် အား အဖိုးအခ တစ်စုံတစ်ရာအတွက်ဖြစ်စေ၊ အခမဲ့ဖြစ်စေ၊ အခြားရည်ရွယ်ချက်ဖြင့် (သို့) အခြားရည်ရွယ်ချက်တစ်ခုခုဖြင့် အခြား တစ်စုံတစ်ယောက် အား အသုံးချခွင့်ပြုရန် ဖြန့်၀ေခွင့် မရှိ။ လုပ်ငန်းဖော်ဆောင်သူ ၏ခွင့်ပြု ရေးသားချက်တစ်စုံတစ်ရာမရှိဘဲနှင့် မှာယူသုံးစွဲသူ သည် လစာစစ်တမ်း ၏ ရလဒ်များကို မှာယူသုံးစွဲသူ၏ ၀ဘ်ဆိုဒ်၊ (သို့) မည်သည့် ပုံနှိပ်ထုတ်၀ေမှုတစ်စုံတစ်ရာအတွက်ဖြစ်စေ တိုက်ရိုက်ကူးယူသုံးစွဲခြင်း (သို့) ပြင်ဆင်သုံးစွဲခြင်း၊ အထူးသဖြင့် ၀ယ်ယူသုံးစွဲသူ၏ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို စျေးကွက်ချဲ့ထွင်ရန် အတွက် မည်သည့်နည်းလမ်းနှင့်မဆို အသုံးပြုရန် အခွင့်မရှိ။ လုပ်ငန်းဖော်ဆောင်သူ က အထူးသဖြင့် ၄င်း၏ကျိုးကြောင်း စီလျော်သည့်ထင်မြင်ယူဆချက်၊ ၄င်း၏ ဂုဏ်သတင်းကျော်စောမှုကို ထိခိုက်စေနိုင်မည့် ကိစ္စရပ်များတွင် အထက်ဖော်ပြပါ ကိစ္စရပ်အတွက် သဘောတူရန် ငြင်းပယ်ခွင့်ရှိသည်။


၀ဘ်ဆိုဒ်တွင် လစာ ဆန်းစစ်မှု အသုံးပြုသည့် သာမန်ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင် မဟုတ်သူများ အတွက် သက်ရောက်သည့် သတ်မှတ်ချက်များ

  1. ၀ဘ်ဆိုဒ်သို့ လာရောက်လည်ပတ်သူများက လစာ ဆန်းစစ်မှု ကို သီးခြားအလုပ်အကိုင်နှင့် ဒေသ စသည့်အချက်အလက်များပါ၀င်သည့် ဖောင်ငယ်အားဖြည့်စွက်ရုံမျှဖြင့် ရိုးရှင်းစွာ မှာယူနိုင်သည်။
  2. အမှာစာကို အတည်မပြုမှီ ၀ဘ်ဆိုဒ် လာရောက်လည်ပတ်သူများက မိမိတို့အီးမေးလိပ်စာကို ဖြည့်စွက်ရမည်။ ၀ဘ်ဆိုဒ် အသုံးပြုသူက မိမိတို့အမှာစာကို "မှာယူရန်" ခလုတ်ကို နှိပ်ပြီး အတည်ပြုရမည်။
  3. လစာ ဆန်းစစ်မှု ကိုအကျိုးခံစားခွင့်အနေဖြင့် အဖိုးခတစ်ခုအတွက် ထုတ်ပေးသည်။ မှာယူခဲ့သည့် လစာ ဆန်းစစ်မှု အတွက် အဖိုးခပေးချေပြီးသည့်အခါ လစာ ဆန်းစစ်မှု ကို မှာယူသုံးစွဲသူ ကဖြည့်စွက်ထားသည့် အီးမေးသို့ပို့ပေးသည်။
  4. အမှာစာ အတည်ပြုပြီးသည့်အခါ၊ မှာယူသုံးစွဲသူ က လစာ ဆန်းစစ်မှု အတွက် အဖိုးအခကို ငွေကြေးဖြင့် (သို့) ဘဏ်မှငွေလွှဲ၍ ဖြစ်စေ မြန်မာနိုင်ငံ အတွင်း၌ပေးချေနိုင်သည်။
  5. အထက်ဖော်ပြပါ သတ်မှတ်ချက်များဖြင့် လစာ ဆန်းစစ်မှု ကို သာမန်လူတစ်ဦးတစ်ယောက်၊ စီးပွားရေးလုပ်ငန်းရှင်မဟုတ်သူ အတွက်သာ ထုတ်ပေးမည်ဖြစ်သည်။ 
  6. လစာ ဆန်းစစ်မှု ရလဒ်ကြောင့်ဖြစ်ပေါ်နိုင်သည့် တိုက်ရိုက် (သို့) သွယ်၀ိုက်သည့် ထိခိုက်နှစ်နာမှုများသည် လုပ်ငန်းဖော်ဆောင်သူ နှင့် လုံး၀မသက်ဆိုင်ပါ။ လုပ်ငန်းဖော်ဆောင်သူ သည် လစာ ဆန်းစစ်မှု ၏ရလဒ်များသည် ယုံကြည်စိတ်ချရမှု၊ မှန်ကုန်မှု နှင့် အမှန်တကယ် ရည်ညွန်းနှိုင်သည့် အချက်အလက် များဖြစ်စေရန် သေချာစေရန်အတွက် အစဥ်တစိုက် အားထုတ်သွားမည်ဖြစ်သော်လည်း ကျိန်သေပေါက် တိကျ၍ ပြီးပြည့်စုံသည့် လစာ ဆန်းစစ်မှု ဖြစ်စေရန် အာမ မခံပါ။  လစာ ဆန်းစစ်မှု သည် စနစ်တကျစီစစ်သုံးသပ်ထားသည့် အချက်အလက် များဖြစ်သည်။

၀ဘ်ဆိုဒ် တွင် လစာ ဆန်းစစ်မှု အသုံးပြုသည့် တရား၀င် ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အတွက် သက်ရောက်သည့် သတ်မှတ်ချက်များ

  1. ကျွန်ုပ်တို့ ထံမှမည်သည့်၀န်ဆောင်မှုကိုမဆို အသုံးပြုရန်အတွက် မှာယူသုံးစွဲသူ သည် ၀ဘ်ဆိုဒ် တွင် မှတ်ပုံတင်ရန်လိုအပ်သည်။  လစာ ဆန်းစစ်မှု ကိုမှာယူရာတွင် မှတ်ပုံတင်ခြင်းဆိုသည်မှာ အမှာစာဖောင်ဖြည့်စွက်ခြင်းကို ဆိုလိုသည်။  အမှာစာဖောင် ကိုအပြည့်အစုံဖြည့်စွက် ရာမှ မှာယူသုံးစွဲသူ သည် အသုံးပြုသူအမည် နှင့် လျှို့၀ှက်နံပါတ် တို့ဖြင့် သာ၀င်ရောက်နိုင်မည့် အွန်လိုင်းအကောင့် တစ်ခုရရှိမည်ဖြစ်ပြီး၊ ၀င်ရောက်ရန် အတွက် လျှို့၀ှက်နံပါတ်ကို မှာယူသုံးစွဲသူ ဖြည့်သွင်းထားသည့် အီးမေးလိပ်စာသို့ ပို့ပေးပါမည်။ မှာယူသုံးစွဲသူ သည် မိမိ၏ အသုံးပြုသူအမည်နှင့် လျှို့၀ှက်နံပါတ်ကို မှားယွင်းသည့် သုံးစွဲမှုများမဖြစ်စေရန် ထိန်းသိမ်းထားရန်နှင့် အခြားတတိယပုဂ္ဂိုလ်သို့ မျှ၀ေခြင်းမပြုရန် တာ၀န်ရှိသည်။
  2. လုပ်ငန်းဖော်ဆောင်သူထံမှ နောက်ထပ် လစာဆန်းစစ်မှု များကို ချွင်းချက်အနေဖြင့် ရေးသားထားသော (စာတစ်စောင်၊ အီးမေးလ်) သို့မဟုတ် တယ်လီဖုန်း မှာယူမှု မှအပ အွန်လိုင်း အကောင့်မှတစ်ဆင့် တိုက်ရိုက်မှာယူနိုင်သည်။
  3. အမှာစာတွင် အနည်းဆုံးအောက်ပါချက်အလက်များပါ၀င်ရမည် -
    • လုပ်ငန်းအမည် နှင့်/သို့မဟုတ် မှာယူသုံးစွဲသူ ၏တရား၀င် စာရွက်စာတမ်း၊
    • ငွေပေးချေမှုအတွက် လိပ်စာ (သို့) မှာယူသုံးစွဲသူ ၏ စာပို့လက်ခံနိုင်မည့်လိပ်စာ၊
    • မှာယူသုံးစွဲသူ၏ ကုမ္ပဏီမှတ်ပုံတင်နံပါတ်၊ အကောက်ခွန်မှတ်ပုံတင်နံပါတ် နှင့်/သို့မဟုတ် VAT မှတ်ပုံတင်နံပါတ်
    • မှာယူသုံးစွဲသူ ၏ ဆက်သွယ်ရန်အချက်အလက် (ဖုန်းနံပါတ်၊ ဖက်စ်၊ အီးမေးလ်)၊
    • မှာယူလိုသည့် ၀န်ဆောင်မှုအမျိုးအစား
  4. အမှာစာတင်သွင်းလိုက်သည်နှင့် အမှာစာ အတည်ပြုခြင်းကို မှာယူသုံးစွဲသူ ၏ ဆက်သွယ်ရန်အီးမေးလိပ်စာသို့ပေးပို့မည် (အမှာစာအားလက်ခံခြင်း)  အမှာစာကို လုပ်ငန်းဖော်ဆောင်သူ အတည်ပြုသည်နှင့်  နှစ်ဦးနှစ်ဖက် သဘောတူညီမှုစာချုပ် ပါစည်းမျဥ်းစည်းကမ်း စတင်အကျိုးသက်ရောက်မည်ဖြစ်ပြီး နှစ်ဖက် သီးခြားကမ်းလှမ်းချက် နှင့် သီးခြားလက်ခံမှု အခြေအနေများဖြင့်သာ ပြင်ဆင်ချက်များဖြင့်သဘောတူထားသည့် သီးခြားသဘောတူညီမှုလည်းဖြစ်နိုင်သည်။  လုပ်ငန်းဖော်ဆောင်သူက သီးခြား သဘော တူညီမှု ဖြစ်ပေါ်စေသည့် အမှာစာကတိက၀တ် အတွက် စီမံခန့်ခွဲမှုဆိုင်ရာအခကြေးငွေနှင့် အဖိုးစားနားသတ်မှတ်နိုင်သည်။
  5. လစာ ဆန်းစစ်မှု အတွက် အဖိုးအခ ကို ၀ဘ်ဆိုဒ် တွင် အော်ဒါတင်သွင်းသည့်နေ့က ဖော်ပြထားသည့် မှန်ကန်သည့် စျေးနှုန်းများအတိုင်း သတ်မှတ်သည်။
  6. လစာ ဆန်းစစ်မှု ၀န်ဆောင်မှုပေးပြီးသည့်အခါတွင် ၄င်းအတွက် ငွေတောင်းခံလွှာ (အခွန်စာရွက်စာတမ်း) ကို လုပ်ငန်းဖော်ဆောင်သူ က မှာယူသုံးစွဲသူ အားထုတ်ပေးမည်။ ငွေတောင်းခံလွှာသည် သဘောတူညီမှုတွင် သီးခြားသဘောတူညီချက်များမရှိပါက ထုတ်ပေးသည့်နေ့မှ ၁၄ ရက်အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ မျှတမှုရှိစေရန် အတွက် လုပ်ငန်းဖော်ဆောင်သူ က မှာယူထားသည့် လစာ ဆန်းစစ်မှု ကို မှာယူထားသည့် လစာ ဆန်းစစ်မှု အတွက် အဖိုးခပေးချေပြီးမှသာလျှင် ထုတ်ပေးမည်ဖြစ်ပြီး ၄င်းကို လုပ်ငန်းဖော်ဆောင်သူ ကကြိုတင်အသိပေးထားမည်ဖြစ်သည်။
  7. မှာယူသုံးစွဲသူ သည် မှာယူထားသည့် လစာ ဆန်းစစ်မှု အတွက် တန်ဖိုးကို ငွေတောင်း ခံလွှာတွင် ဖော်ပြထားသည့် ဘဏ်အကောင့်သို့အချိန်မှီပေးချေရန်တာ၀န်ရှိသည်။ 
  8. မှာယူသုံးစွဲသူ မှ နောက်ကျသည့်ပေးချေမှုအတွက် လုပ်ငန်းဖော်ဆောင်သူ ကနောက်ကျသည့် တစ်ရက်စီအတွက် ပေးချေရမည့်ပမာဏ၏ ၀.၁ % ကိုကောက်ခံနိုင်သည်။ ငွေတောင်းခံလွှာနှင့် သက်ဆိုင်၍ အတည်မပြုနိုင်သည့် ကာလအတောတွင်း လုပ်ငန်းဖော်ဆောင်သူ က ခေတ္တ သို့မဟုတ် နောက်ထပ်၀န်ဆောင်မှု ပေးခြင်းကို ရပ်တန့်နိုင်သည်။  မှာယူသုံးစွဲသူ ၏ ငွေပေးချေရန်နောက်ကျနေခြင်းသည် ရက် ၃၀ ထက်ကျော်လွန်ပါက လုပ်ငန်းဖော်ဆောင်သူက ၄င်း နှင့်ချိတ်ဆက်ထားသည့် အေဂျင်စီမှတစ်ဆင့် တရား၀င်မေးမြန်းခြင်းနှင့်တောင်းခံစာပေးပို့နိုင်သည်။  အေဂျင်စီနှင့် ချိတ်ဆက်၍ တရား၀င်တောင်းခံလွာအတွက် ကုန်ကျစရိတ်ကိုလည်း လုပ်ငန်းဖော်ဆောင်သူ ၏ တောင်းခံလွှာတွင် ထပ်ဆောင်းထည့်သွင်းသွားမည်ဖြစ်သည်။
  9. ထုတ်ပြန်ထားသည့် ငွေတောင်းခံလွှာအား ငြင်းပယ်ခြင်းသည် လုပ်ငန်းဖော်ဆောင်သူ ၏ မှာယူသုံးစွဲသူ ထံမှ ရပိုင်ခွင့်ရှိသည့် အဖိုးခတောင်းခံမှုကို ငြင်းပယ်ခြင်းဖြစ်ပြီး မှာယူသုံးစွဲသူ က ငွေတောင်းခံလွာရရှိသည့်နေ့မှ ၇ ရက်အတွင်း လုပ်ငန်းဖော်ဆောင်သူ ထံသို့စာဖြင့် ရေးသား ပေးပို့ရမည်။
  10. လုပ်ငန်းဖော်ဆောင်သူ က တစ်ဦးတစ်ယောက်၏ ပေးငွေ ပြန်ထုတ်ပေးရာတွင် ယူရို ၀.၅၀ ထက်ကျော်လွန်မှသာလျှင် ယင်းပမာဏကို ပြန်ထုတ်ပေးမည်။  

စပ်တူလုပ်ဆောင်မှုများအတွက် သတ်မှတ်ချက်များ

  1. လစာ ဆန်းစစ်မှု ရလဒ်ကြောင့်ဖြစ်ပေါ်နိုင်သည့် တိုက်ရိုက် (သို့) သွယ်၀ိုက်သည့် ထိခိုက်နှစ်နာမှုများသည် လုပ်ငန်းဖော်ဆောင်သူ နှင့် လုံး၀မသက်ဆိုင်ပါ။ လုပ်ငန်း ဖော်ဆောင်သူ သည် လစာ ဆန်းစစ်မှု ၏ရလဒ်များကို ယုံကြည်စိတ်ချရမှု၊ မှန်ကုန်မှု နှင့် အမှန်တကယ် ရည်ညွန်းနှိုင်သည့် အချက်အလက် များဖြစ်စေရန် သေချာစေရန်အတွက် အစဥ်တစိုက် အားထုတ်သွားမည်ဖြစ်သော်လည်း ကျိန်သေပေါက်တိကျ၍ ပြီးပြည့်စုံသည့် လစာ ဆန်းစစ်မှု ဖြစ်စေရန် အာမ မခံပါ။ လစာ ဆန်းစစ်မှု သည်ကိန်းကဏန်း အချက်အလက် များသာဖြစ်သည်။
  2. လုပ်ငန်းဖော်ဆောင်သူ က ခွင့်ပြုချက်မရှိသည့် တစ်စုံတစ်ယောက်က အသုံးပြုသူအမည်နှင့် လျှို့၀ှက်နံပါတ်ကို ရယူပြီး မှားယွင်းသည့်အသုံးချမှုပြုလုပ်ြခင်းနှင့် တစ်စုံတစ်ရာ ထိခိုက်နှစ်နာမှုဖြစ်ခြင်း၊ သို့မဟုတ်၊ ထိုအလွဲသုံးစားမှုကြောင့် အခြားတတိယပုဂ္ဂိုလ်မှ တောင်း ဆိုလာသည့်နစ်နာမှုများအတွက် တာ၀န်မရှိပါ။
  3. မှာယူသုံးစွဲသူ က လစာ ဆန်းစစ်မှု(သို့မဟုတ် ၄င်း၏ရလဒ်) သည် မူလထုတ်ပေးသူ၏ ကာယဥာဏ ထုတ်ကုန်ဖြစ်ပြီး မူပိုင်ခွင့်ဥပဒေ သို့မဟုတ် အလားတူဥပဒေများနှင့် သက်ရောက်မှုရှိသည်ကို ကြိုတင်သိရှိထားပါသည်။ လုပ်ငန်းဖော်ဆောင်သူ က မှန်ကန်သည့် လိုင်စင်ကိုင်ဆောင်ထားသူဖြစ်ပြီး အခြားသူများ (စာရေးသူ သို့မဟုတ် စာရေးသူနှင့် ပိုင်ဆိုင်မှုထပ်တူကျသူများ) အား ၄င်းထုတ်ကုန်ကိုအသုံးပြုရန်အတွက် ခွင့်ပြုပေးရန် သို့မဟုတ် မူပိုင်ခွင့်ဥပဒေအရ ပိုင်ဆိုင်မှုအခွင့်အရေး တန်းတူလုပ်ဆောင်နေသည့် တစ်ဖက်ပုဂ္ဂိုလ် အစရှိသူတို့ကို ၄င်းထုတ်ကုန်များ ဆက်လက်အသုံးပြုရန်အတွက် ခွင့်ပြုချက်ပေးနိုင်ရန် အခွင့်အရေးရှိသည်။ မှာယူသုံးစွဲသူ က လစာ ဆန်းစစ်မှု ၏ ရလဒ်အစိတ်အပိုင်းများသည် လုပ်ငန်းဖော်ဆောင်သူ သို့မဟုတ် အခြားတစ်စုံတစ်ဦးမှ ဖန်တီးထားသည့် အချက်အလက်စာရင်းမှ ဖြစ်ပြီး မူပိုင်ခွင့်ရှိ၍ မူပိုင်ခွင့်ဥပဒေဖြင့် အကာအကွယ်ပေးထားကြောင်း နားလည်သိရှိပါသည်။
  4. လစာ ဆန်းစစ်မှု ကို မှာယူသုံးစွဲသူ သည် လုပ်ငန်းဖော်ဆောင်သူ ဘက်မှ ချို့ယွင်းမှုအတွက် တောင်းဆိုမှုပြုလုပ်နိုင်သည်။ ကိန်းကဏ္ဌန်း အဖြစ်သာတည်ရှိသည့် လစာဆန်းစစ်မှု စစ်တမ်းဖြစ်သောကြောင့် မှာယူသုံးစွဲသူ က လစာ ဆန်းစစ်မှု ၏အသေးစိတ် အချက်အလက်များကိုတောင်းဆိုနိုင်ခွင့်မရှိပါ။ တောင်းဆိုမှုပြုလုပ်ခြင်းအတွက် မှာယူသုံးစွဲသူ က ချို့ယွင်းချက်အား တွေ့ရှိသည့်အချိန်မှ ၁၄ ရက်ထက်မကျော်လွန်ရ။  မှာယူသုံးစွဲသူ က တောင်းဆိုချက်ကို စာဖြင့်ရေးသား၍ လုပ်ငန်းဖော်ဆောင်သူ၏ လိပ်စာ သို့မဟုတ် အီးမေး [email protected] သို့ပေးပို့နိုင်သည်။
  5. ပြည်ထောင်စု မြန်မာနိုင်ငံ ၏ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေများနှင့်အညီ ပြင်ဆင်ချက်များအရ မှာယူသုံးစွဲသူ က မိမိတို့ အီလက်ထရောနစ် ဆက်သွယ်ရေးအချက် အလက်များကို လုပ်ငန်းဖော်ဆောင်သူ သို့မဟုတ် ၄င်း၏မိတ်ဖက်များ ၏ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများအတွက် တိုက်ရိုက် စျေးကွက်ချဲ့ထွင်ရာ တွင် အသုံးပြုရန် ခွင့်ပြုပါသည်။
  6. လုပ်ငန်းဖော်ဆောင်သူ က GTC မှအချက်အလက်များကိုပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း ပြုလုပ်ရာတွင် မှာယူသုံးစွဲသူ အား ပြောင်းလဲမှုများကို ၀ဘ်ဆိုဒ် တွင်ချက်ချင်း ထုတ်ပြန် ပေးခြင်းနှင့် ပြောင်းလဲမှုအတည်ပြုမည့် ရက်စွဲအားထုတ်ပြန်ပေးခြင်းတို့ဖြင့် ပြောင်းလဲ ခွင့်ရှိသည်။  မူလ GTC သည် GTC အသစ် အတည်ပြုသည်နှင့် အလိုအလျောက် သက်တမ်း ကုန်ဆုံးသွာမည်ဖြစ်သည်။
  7. သဘောတူညီမှု (သို့မဟုတ်) GTC တွင် ဖော်ပြမထားသည့် နောက်ဆက်တွဲ သက်ရောက် မှုများသည် ပြည်ထောင်စု မြန်မာနိုင်ငံ ၏ နည်းဥပဒေများအတိုင်းဖြစ်သည်။
  8. သဘောတူညီမှု ၏ ကွဲလွဲသည့် ပြဌာန်းချက်များသည် GTC ပြဌာန်းချက်များ၏ အထက်တွင်ရှိသည်။ (သာဓက အားဖြင့် GTC တွင်ပြဌာန်းချက်များသည် သီးခြားသဘောတူညီမှု ပြုလုပ်သည့်အခါ ကွဲလွဲမှုရှိလျှင် သီးခြားသဘောတူညီမှု ပါအချက် အလက်များကသာ အတည်ဖြစ်သည်) GTC သက်ရောက်နိုင်သည့် ဘောင်အတွင်းက သို့မဟုတ် အစိတ်အပိုင်းအတွင်းက ကိစ္စရပ်များသည် သဘောတူညီမှု ပြုလုပ်သူနှစ်ဖက် အကြား စာဖြင့်ရေးသားသည့် သဘောတူညီချက်ဖြင့်သာ ကင်းလွတ်နိုင်သည်။  

ယခု GTC သည် ၀၁၊ စက်တင်ဘာ ၊ ၂၀၁၉ တွင် အတည်ဖြစ်သည်။ 



သင့်လစာမျှတမှုရှိမရှိ အဖြေရှာကြည့်ပါ

Get a free personalized salary comparison.

နှိုင်းယှဥ်ရန်နှိပ်ပါ