logo
post thumb

မားကတ်တင်းဝန်ထမ်းတွေအတွက် ဘယ်အရည်အချင်းက အရေးပါဆုံလဲ?

2.9.2019

မားကတ်တင်းသမားတွေအနေနဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဈေးကွက်စိန်ခေါ်မှုတွေကြားမှာ ဈေးကွက်လိုအပ်ချက် အပေါ်မူတည်ပြီး လိုအပ်သလို ကိုယ့် အရည်အချင်းကို လိုက်ပါပြောင်းလဲနိုင်တဲ့ ကျွမ်းကျင်မှုအရည်အသွေးတွေကို ပိုင်ဆိုင်နိုင်ဖို့လိုအပ်ပါတယ်။ ဈေးကွက်လိုအပ်ချက်အပေါ်ပြည့်မှီစေဖို့ မားကတ်တင်းသမားတွေဟာ သင်ယူလေ့လာမှု တွေကို စဉ်ဆက်မပြတ်ပြုလုပ်ရန်လိုအပ်ပြီး အလုပ်ကပေးတဲ့လိုအပ်ချက်နဲ့ များပြားလှတဲ့အလုပ်တွေကို လုပ်ဆောင် နိုင်ဖို့ လိုပါတယ်။ အနာဂတ်မှာအလုပ်ရှင်တွေ မျက်စိကျတဲ့လူတစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ မားကတ်တင်းသမား တွေအနေနဲ့ ဒစ်ဂျစ်တယ်မားကတ်တင်းကို သိထားဖို့လိုသလို ဒစ်ဂျစ်တယ် Channels တွေ တစ်ခုချင်းစီ ဘယ်လို အလုပ်လုပ်လဲဆိုတာကို လေ့လာဖို့လည်း လိုလာပါတယ်။ နောက်ထပ်အရေးကြီး အရည်အချင်းအနေနဲ့ ပရောဂျက် စီမံခန့်ခွဲမှုပညာရပ်ကို အတွေ့အကြုံရှိဖို့လိုပါတယ်။ ကျွမ်းကျင်တဲ့မားကတ်တင်းသမားဆိုတာ အရောင်းစီးဆင်းပုံနဲ့ စီးပွားရေးအမြင်ရှိရသလို ကျွမ်းကျင်တဲ့ပြောဆိုဆက်သွယ်ရေးအချက်ကတော့ မဖြစ်မနေတတ်ထားဖို့ လိုပါတယ်။ ကျွမ်းကျင်တဲ့ မားကတ်တင်းသမား တွေဟာ သူတို့ရဲ့အရည်အချင်းတွေကို အမြဲမြှင့်တင်နေရမှာဖြစ်ပြီး အထူးသဖြင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ လူတွေရဲ့သဘောသဘာဝတွေကို လေ့လာရသလို စီးပွားရေးအမြင်လည်း ရှိရမှာဖြစ် ပါတယ်။

post thumb

ပေးလပ်(ဖ့်) ကွဲပြားမှုအကြောင်းလေ့လာချက် - ဘယ်အလုပ်ခွင်တွေမှာ ၀န်ထမ်းတွေက ကွဲပြားတဲ့အလုပ်အဖွဲ့တွေရှိသလဲ?

2.9.2019

နိုင်ငံတကာ Paylab ကွဲပြားမှုအကြောင်းလေ့လာချက် တွေက ဥရောပမှာရှိတဲ့ ၀န်ထမ်း ဆယ်ယောက်မှာ လေးယောက်ဟာ သူတို့ရဲ့လက်ရှိ အလုပ်ခွင်မှာ ကွဲပြားမှုတွေမကြုံတွေ့ခဲ့ရဘူးလို့ဆိုပါတယ်။ ဒီကွဲပြားမှုတွေဆိုတဲ့အထဲမှာ အလုပ်ခွင်က ၀န်ထမ်းတွေရဲ့ မတူညီတဲ့ ရှုဒေါင့်တွေက ဖွဲ့စည်းမှု ပုံစံတွေပါ၀င်ပါတယ်။ Paylab က အသက်အရွယ်၊ မွေးဖွားမှု၊ ဗီဇ၊ လူမျိုး (သို့) နိုင်ငံ၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု နှင့် လိင်စိတ်ခံယူချက်/အမူကျင့် စတဲ့ အမျိုးစား ၆ မျိုးကို အခြေခံကျတဲ့ကွဲပြားမှုတွေအဖြစ် အာရုံစိုက် လေ့လာခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းရင်းတွေက အလုပ်ရဖို့အတွက် အတားအဆီးတွေအဖြစ်နဲ့ အမြဲလိုလိုရှိနေခဲ့တတ်တာပါ။ ယခုလေ့လာမှုရဲ့ ရည်ရွယ်ချက်က အဖွဲ့တွေက ၀န်ထမ်းတွေအနေနဲ့ နိုင်ငံခြားသားတွေ၊ လူနည်းစုအဖွဲ့၀င်တွေနဲ့ လူမျိုး အုပ်စုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ကလေးငယ်တွေရဲ့မိခင်တွေ၊ အသက် ၅၅နှစ်အထက်ရှိတဲ့ ၀န်ထမ်းတွေနဲ့ မတူညီတဲ့ လိင်စိတ်ခံယူချက်/အမှုကျင့် ရှိသူတွေနဲ့ ထိတွေ့မှု ပေါင်းသင်း ဆက်ဆံမှုတွေမှာ ဘယ်လို ကွာဟချက်တွေရှိမလဲ ဆိုတာကို သုံးသပ်ဖို့အတွက်ဖြစ်ပါတယ်။

သင့်လစာမျှတမှုရှိမရှိ အဖြေရှာကြည့်ပါ

Get a free personalized salary comparison.

နှိုင်းယှဥ်ရန်နှိပ်ပါ