မားကတ်တင်းဝန်ထမ်းတွေအတွက် ဘယ်အရည်အချင်းက အရေးပါဆုံလဲ?
2.9.2019
မားကတ်တင်းသမားတွေအနေနဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဈေးကွက်စိန်ခေါ်မှုတွေကြားမှာ ဈေးကွက်လိုအပ်ချက် အပေါ်မူတည်ပြီး လိုအပ်သလို ကိုယ့် အရည်အချင်းကို လိုက်ပါပြောင်းလဲနိုင်တဲ့ ကျွမ်းကျင်မှုအရည်အသွေးတွေကို ပိုင်ဆိုင်နိုင်ဖို့လိုအပ်ပါတယ်။ ဈေးကွက်လိုအပ်ချက်အပေါ်ပြည့်မှီစေဖို့ မားကတ်တင်းသမားတွေဟာ သင်ယူလေ့လာမှု တွေကို စဉ်ဆက်မပြတ်ပြုလုပ်ရန်လိုအပ်ပြီး အလုပ်ကပေးတဲ့လိုအပ်ချက်နဲ့ များပြားလှတဲ့အလုပ်တွေကို လုပ်ဆောင် နိုင်ဖို့ လိုပါတယ်။ အနာဂတ်မှာအလုပ်ရှင်တွေ မျက်စိကျတဲ့လူတစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ မားကတ်တင်းသမား တွေအနေနဲ့ ဒစ်ဂျစ်တယ်မားကတ်တင်းကို သိထားဖို့လိုသလို ဒစ်ဂျစ်တယ် Channels တွေ တစ်ခုချင်းစီ ဘယ်လို အလုပ်လုပ်လဲဆိုတာကို လေ့လာဖို့လည်း လိုလာပါတယ်။ နောက်ထပ်အရေးကြီး အရည်အချင်းအနေနဲ့ ပရောဂျက် စီမံခန့်ခွဲမှုပညာရပ်ကို အတွေ့အကြုံရှိဖို့လိုပါတယ်။ ကျွမ်းကျင်တဲ့မားကတ်တင်းသမားဆိုတာ အရောင်းစီးဆင်းပုံနဲ့ စီးပွားရေးအမြင်ရှိရသလို ကျွမ်းကျင်တဲ့ပြောဆိုဆက်သွယ်ရေးအချက်ကတော့ မဖြစ်မနေတတ်ထားဖို့ လိုပါတယ်။ ကျွမ်းကျင်တဲ့ မားကတ်တင်းသမား တွေဟာ သူတို့ရဲ့အရည်အချင်းတွေကို အမြဲမြှင့်တင်နေရမှာဖြစ်ပြီး အထူးသဖြင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ လူတွေရဲ့သဘောသဘာဝတွေကို လေ့လာရသလို စီးပွားရေးအမြင်လည်း ရှိရမှာဖြစ် ပါတယ်။